Friday, March 9, 2018

မြောင်းမြမြို့နယ်တွင် ဆင်စွယ်အထိုးခံရပြီး အဘိုးအိုတစ်ဦးသေဆုံး

 မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာမှာ      မတ်လ ၈ရက် နေ့က အဘိုးအိုတစ်ဦး ဆင်ဆွယ်နဲ့အထိုးခံရပြီးသေးဆုံးတဲ့အမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့ကထုတ်ပြန်ပါတယ်။

ကျေးရွာဘာလုံးကွင်း ဘေးမှာ ဦးစိန်အောင်မင်း (၆၅)နှစ်  ဆင်စွယ်ဖြင့်အထိုးခံရပြီး ဝဲဘက်ချိုင်း အောက်၊ ယာပေါင်ရင်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း သတင်းရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

စစ်ဆေးချက်အရ "အောင်ပင်လယ်" ဆပ်ကပ်အဖွဲ့က ဆင်ဦးစီး ဦးလှဌေး(၃၁)နှစ် ဟာ ဘောလုံးကွင်းအနီး မှာ သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ဒေါက် ၇ ပေခန့်၊ အစွယ်လုံးပတ် ၂ လက်မခန့်၊ အရှည် ၁၀ လက်မခန့် ရှိတဲ့မိုးငြိမ်းအမည်ရှိ တဲ့အနက်ရောင်ဆင်ထီး  ကို ဘောလုံးကွင်းဘေးဝါးရုံပင်တွင် သံကြိုးဖြင့် ချည်နှောင်ထားပြီးနောက် အိပ်နေစဉ်မှာ ဝါးရုံပင်အနီး လမ်းလျှောက်လာသူ  ဦးစိန်အောင်မင်း(အမြင်အာရုံဝေဝါးသူ)ကို  ဆင်က နှာမောင်းနဲ့ ရစ်ပတ်ပြီး အစွယ်ဖြင့်ထိုးခဲ့တာကြောင့် သေဆုံးသွာ့းရတာဖြစ်တယ်လို့ဆိုပါတယ်။

  ရဲတဲ့ဖွဲ့ကတော့ ဆင်ဦးစီး ဦးလှဌေး ကို မြောင်းမြမြို့မရဲစခန်း (ပ)၃၄၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု) နဲ့ဖမ်းဆီး အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ပြည်ထဲရဲဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Ministry of Home Affairs, Myanmar

No comments:

Post a Comment