ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် အောက်တိုဘာ
၁၉ ရက်နေ့ ညနက်ပိုင်းအချိန် အမှတ် ၄ ရပ်ကွက်
(၇) မြောင်းမြမြို့မရဲစခန်းအနီးရှိ ကောင်းကောင်း Mobile ဖုန်း နှင့် အဝတ်အထည်အရောင်းဆိုင်
ဖောက်ထွင်းခံခဲ့ရပြီး ဖုန်းအမျိုးအစားစုံ ၅၃ လုံးနှင့် အဝတ်အစားများ စုစုပေါင်း ကျပ်
၂၂သိန်းကျော်တန်ဖိုးခိုးယူခံခဲ့ရကြောင်းသိရသည်။
မြောင်းမြရဲစခန်းက
တရားခံအား ဖမ်းယူရရှိရေးအတွက် စုံးစမ်းဖော်ထုတ်ဆဲဖြစ်ပြီး မြို့မြရဲစခန်းတွင် (ပ) ၃၃၃
/ ၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မြောင်းမြမြို့မ ရဲစခန်းက
သိရသည်။
မြောင်းမြမြို့တွင်
လုယက်မှုများနှင့် ခိုးမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေသော်လည်း တရားခံဖမ်းဆီးရမိမှုမှာတော့
နည်းပါးလျက်ရှိသည်။ ယခုအခါတွင်လည်း ရဲစခန်းနှင့် အလွန်နီးကပ်ပြီး အစိုးရရုံးများများရုံးစိုက်ရာ
မြို့လယ်ခေါင်တွင် ဖောက်ထွင်းမှုဖြစ်ပွားခဲ့သောကြောင့် မြို့ ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ်တွင်
မြို့ခံများက ဝေဖန်လျက်ရှိကြသည်။
No comments:
Post a Comment