|
သတင်းဓာတ်ပုံ - Ayeyarwaddy Region Police Force |
ဧရာဝတီတိုင်းဒသကြီး ပုသိမ်မြို့တွင်၁၇.၁၀.၂၀၁၆ ရက်နေ့က သတင်းအရ
ဧရာဝတီ တိုင်းဒေကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်
နေ၀င်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၄၉)မူးယစ် တပ်ဖွဲ့စု
မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊
ကန်သာယာ(၄)လမ်းနေ ဇာနည်ထွန်း နေအိမ်သို့ သွားေ
ရာက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ခန့်ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှသိရသည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ နယ်မြေအတွင်း
မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်နိုင်ရေးအတွက် ရည်မှန်း ချက်များထား၍
စီမံချက်ဖြင့်ဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး သတင်းအရ ဇာနည်ထွန်းနေအိမ်ကိုသွားရောက်ရှာဖွေစဉ်
ဇာနည်ထွန်းအား ကန်သာယာ(၃)လမ်းထိမ်တွင်တွေ့ရှိသဖြင့် ၄င်း၏ကိုယ်မှ wy
စာတန်းပါပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား(၇)ပြား၊ 88/1
စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆၇)ပြား၊ ဆက်စပ်ပစ္စည်းများအား
သိမ်းဆည်းခဲ့ပြီး ဇာနည်ထွန်းနှင့်အတူ ၄င်း၏အိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ
ဇာနည်ထွန်း၏နေအိမ်မှ wy စာတန်းပါပန်းရောင် ၊စုစုပေါင်းစိတ်ကြွမူးယစ်
ဆေးပြား(၁၂၂)ပြား တို့အား သက်သေများနှင့်အတူ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်းသိရသည်။
|
သတင်းဓာတ်ပုံ - Ayeyarwaddy Region Police Force |
စိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး လက်ဝယ်တွေ့ရှိသူ ဇာနည်ထွန်း(ဘ)ဦးသက်ထွန်း ကို ပုသိမ်မြို့မရဲစခန်း မယ(ပ)၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိသည်။