Sunday, March 11, 2018

လပွတ္တာမှာ လေပြင်းတိုက်တာကြောင့် စာသင်ကျောင်းနှစ်ကျောင်း၊လူနေအိမ် ၁၄လုံးပျက်စီး

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့နယ် ရှော်ချောင်းကျေးရွာအုပ်စုမှာ မတ်လ ၁၀ရက်နေ့ ညနေ၅နာရီလောက်က လေပြင်းတိုက်တာကြောင့် စာသင်ကျောင်း ၂ကျောင်း၊လူနေအိမ် ၁၄လုံး၊ ဆန်စက် ၁လုံးနဲ့ ၊ကွမ်းခြံ ၁ခြံ အမိုးလံပြိုလဲပျက်ဆီးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လေပြင်းတိုက်ခတ်မှုဟာ မိနစ် ၃၀ နည်းပါးကြာမြင့်ခဲ့ ပါပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရှောင်ချောင်းကျေးရွာအုပ်စုအတွင်းက ရေချိုကုန်းကျေးရွာ၊ ကွင်းသုံးဆင့်ကျေးရွာနဲ့ ချမ်းသာအေး(၁) ကျေားရွာတွေက စာတင်ကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ်တွေ၊ ဆန်စက်နဲ့ ၊ကွမ်းခြံအချို့ ပျက်ဆီးခဲ့တဲ့အတွက် ငွေကျပ် လေးသိန်းခွဲကျော် ဆုံးရှုံးခဲ့ပြီး လူနဲ့တိရစ္ဆာန်တွေကတော့ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Ministry of Home Affairs, Myanmar


No comments:

Post a Comment