Sunday, March 11, 2018
ဆင်ပစ်မုဆိုး သတင်းပေးရုံနဲ့ သိန်း ၃၀ ရမယ်
ဆင်သတ်ဖြတ်မှုတွေ လျော့နည်းစေဖို့ ဆင်ပစ်မုဆိုးဘယ်သူလဲဆိုတာ သတင်းပေးရုံနဲ့ ငွေကျပ်သိန်း ၃၀ ပေးမယ်လို့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေ အဖွဲ့(WWF)၊ သစ်တောဦးစီးဌာန ၊တောရိုင်းတိရစ္ဆာန်ထိန်သိမ်းရေးမိတ်ဆွေများအသင်း(FOW)တို့ပူးပေါင်းပြီး ဧရာဝတီတိုင်း အတွင်း က တောဆင်ကျက်စားရာဒေသတွေမှာ " ဆင်သတ်ဖြတ်မှု လျော့နည်းရေး လူတိုင်းပူးပေါင်းပါဝင်ကူညီပေး" "ဆင်ပစ်မုဆိုး သတင်းပေးပြီး ငွေကျပ်သိန်း(၃၀) ရယူကြပါစို့" ဆိုတဲ့ ဆိုင်းဘုတ်စိုက်ထူနှိုးဆော်ထားပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေအနေနဲ့လည်း ၀၉၇၈၃၈၀၄၇၉/ ၀၉၂၅၅၇၀၈၃၂၇/ ၀၉၂၄၀၀၇၀၄ ဆိုပြီးဖော်ပြထားပါတယ်။
ယခုနှစ်တွေမှာ တစ်ပတ်ကို တောဆင်တစ်ကောင်နှုန်းအထိ သတ်ဖြတ်ခံနေရတဲ့အတွက် မြန်မာနိုင်ငံမှာတောဆင်တွေမျိုးတုံးပျောက်မှာကို စိုးရိမ်နေတယ်လို့ WWF ကိုဆိုပါတယ်။ အကောင်ရေသိသိသာသာကျဆင်းလာနေတဲ့ တောဆင်တွေလို မြန်မာနိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ဆုံးရှုံးသွားရမှာကိုလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်းစိုးရိမ်မကင်းဖြစ်နေကြပြီး ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေနဲပတ်သက်လို့ တရားမဝင်ရောင်းဝယ်ဖောက်ကားနေတာကို အဆုံးသတ်စေဖို့ အစိုးရအနေနဲ့ အစောတလျင် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ မြန်မာအစိုးရကို ဥရောပသမဂ္ဂကတိုက်တွန်းထားပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာတင် တောဆင်ရိုင်း ၁၅ ကောင်အထိသတ်ဖြတ်ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်က စာရင်းကောက်ယူထားမှုတွေအရဆိုရင် ပဲခူးရိုးမနဲ့ ဧရာဝတီမှာ တောဆင်ရိုင်း ပျမ်းမျှ ၁၄၀၀နဲ့ ၂၀၀၀ နီးပါးရှိပါတယ်။ ဒါပေမယ့်လည်းနှစ်စဉ် သတ်ဖြတ်ခံမှုတွေကြောင့် တောဆင်ကောင်ရေဟာ သိသိသာသာနဲ့အလျင်အမြန်ကျဆင်းလာနေပါတယ်။
ဓာတ်ပုံ- ဧရာဝတီ ဆင်ချစ်သူများအဖွဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment