ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာ မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အောင်ချမ်းသာရေစင်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့"အောင်ချမ်းသာ" အမည်ရှိ တဲ့ ငါးပေါင်း ဖားကူးချွန်းသင်္ဘောမီးလောင်တာကတဆင့် ကျေးရွာကို ကူးစက်လောင်ကျွမ်းပြီး လူဦးရေ ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
မီးဖိုမီးကြွင်းမီးကျန်ကနေတစ်ဆင့် မီးလောင်ကျွမ်းရာမှာ ဒီဇယ်ပေပါ(၄) လုံး ပေါက်ပြီး ကျေးရွာရှိနေအိမ်တွေကို ကူးစက်လောင်ကျွမ်းတာမှာ ငါးပေါင်းဖားကူးချွန်းသင်္ဘော(၁)စီး၊ ရေစင်အလုပ်ရုံ(၁)ရုံ၊ အလုပ်သမား နေအိမ်တန်းလျား(၅)လုံးနှင့် နေအိမ်(၃၀)လုံး စုစုပေါင်းတန်ဖိုးငွေ ကျပ်(၃၇,၈၈၇,၅၀၀)မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ငါးပေါင်းဖားကူးသင်္ဘောပေါ်က အလုပ်သမား ခါးပြတ် ရွှေထီးကျေးရွာနေ ဝင်းမြင့်(၃၉)နှစ်ပါ(၅)ဦးကို ဒေါ်ညိမ်းနယ်မြေရဲစခန်း(ပ)၄၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားတယ်လို့ဆိုပါတယ်။
No comments:
Post a Comment