ဒီကနေ့ကျင်းပတဲ့ပြည်သူ့ လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့ ရဲ့ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ NLDပါတီဘက် ကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို နာမည်စာရင်းတင်သွင်ပြီး ပြည်ခိုင်ဖြိုးပါတီကတော့ ဦးသောင်းအေး ကိုအမည်စာရင်းတင်သွင်းခဲ့ပါတယ်။လွှတ်တော်မှာ မဲခွဲတာမှာတော့ ဦးဝင်းမြင့် က၂၇၃ မဲ ဦးသောင်းအေးက ၂၇ မဲ နဲ့ ဦးဝင်းမြင့်ကဒသမ္မတအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။အနားယူသွားတဲ့သမ္မတဦးထင်ကျော်နေရားထိုးဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာတော့ ဒုသမ္မတ ဟင်နရီဗန်ထီးယူ ဒုသမ္မတဦးမြင့်ဆွေ တို့နဲ့အတူ ရွေးချယ်ခံရမှာဖြစ်ပေမယ့် NLD အမတ်အများစုနေရာရထားတာေ ကြာင့် နိုင်ငံတော်သမ္မတဖြစ်ဖို့သေချာနေပါပြီ။
ဧရာဝတီသား ဦးဝင်းမြင့်အနေနဲ့ ၃ကြိမ်မြောက်ကိုယ်စားလှယ်အဖြစ်အရွေးခံထားရသူပါ။
အများပြည်သူစိတ်ဝင်စားမယ်ထင်တာကြောင့် ဦးဝင်းမြင့်ရဲ့ ကိုယ်ရေးအကျဉ်းကိုဖော်ပြလိုက်ပါတယ်
အမည် ။ ဦးဝင်းမြင့်
အသက်။ ၆၆နှစ်
လူမျိုးနှင့် ဘာသာ။ ဗမာ၊ ဗုဒ္ဓ
ပညာအရည်အချင်း။ Bsc( Geology), H.G.P, R.L
၁၉၈၈ခုနှစ် ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် အာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို (၃)ကြိမ် ခံခဲ့ရပါသည်။
၁၉၉၅ ခုနှစ်မှစ၍ အဖွဲ့ချူပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူး၊
၂၀၁၀ ခုနှစ်မှစ၍ အဖွဲ့ချူပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊
၂၀၁၄ ခုနှစ်မှစ၍ အဖွဲ့ချူပ်၏ ပြောရေးဆိုခွင့်ရှိသူ၊
၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ဓနုဖြူမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁ )၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်း။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံအမတ်ဖြစ်လာကာ လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။
No comments:
Post a Comment