ဇလွန်မြို့နယ်မှာ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်း က မြစ်ကမ်းစပ်ထဲ ထော်လာဂျီယာဉ်တိမ်းမှောက်တာကြောင့် ၃ဦးသေဆုံး ပြီး ၁၃ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇင်ယော်ကျွန်းကျေးရွာဆိပ်ကမ်းကနေ ဇလွန်မြို့ကို စိုးနိုင် (၃၁)နှစ် မောင်းနှင်လာတဲ့ ထော်လာဂျီယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ဝဲဘက် ဧရာဝတီမြစ်ကမ်းစပ်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့တယ့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်မြင့် (ခ)ဒေါ်စိန်မြင့်ပါ ၃ ဦး (ကျား ၂၊မ ၁)တို့မှာ မျက်နှာစုတ်ပြဲ၊ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးလှိုင်ဝင်းထွန်း(၄၅)နှစ် ပါ ၁၃ဦး(ကျား ၆၊မ ၇)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တာကြောင့် သေဆုံး/ဒဏ်ရာ ရရှိသူတွေကို ဇလွန်မြို့ ပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ပြီး စိုးနိုင်(ဖမ်းမမိ)အား ဇလွန်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၀၂(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်း ပြည်ထဲရေးကသတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - Ministry of Home Affairs, Myanmar
No comments:
Post a Comment