Tuesday, March 20, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးကနုတ်ထွက်


ပြည့်လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌရာထူးကနေနုတ်ထွက်သွားတယ်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ကကြေငြာသွားပါတယ်။


နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရာထူးကနုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးကကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နုတ်ထွက်ကြောင်း ပြည်သူ့လွှတ်တော်မှာ ကြေငြာခဲ့တာပါ။


အခုလိုတစ်ချိန်ထဲမှာပဲနုတ်ထွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတ သစ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဖြစ်လိမ့်မယ်လို့ခန့်မှန်းနေကြပါတယ်။

No comments:

Post a Comment