Tuesday, March 20, 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးကနုတ်ထွက်


နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာလက်ရှိအလုပ်တာဝန်များက အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ကစပြီးနိုင်ငံတော်သမ္မတရာထူးကနုတ်ထွက်သွားကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ပါတယ်။

လစ်လပ်သွားတဲ့နိုင်ငံတော်သမ္မတရာထူးကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၇၃)၊ပုဒ်မခွဲ (ခ)နဲ့အညီ အလုပ်လုပ်ရက် ၇ ရက်အတွင်းဖြည့်စွက်နိုင်ရေးဆက်လက်ဆောင်ရွက်သွာမယ်လို့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ပါတယ်။

No comments:

Post a Comment