ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ထဲက ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင် ၆၀ နဲ့ ၆၀ မိုင် ၁ ဖာလုံကြား လမ်းဘေးမှာ မတ်လ ၁၈ ရက် မနက်ပိုင်းက ဒါဏ်ရာတွေနဲ့ လာရောက်စွန်ပစ်ခဲ့တဲ့ အမျိုးသားအလောင်းဟာ ရွှေပြညသာမြို့နယ် က အသက် ၃၆ နှစ်အရွယ် ဦးအေးမင်းဦး(ခေါ်)ဦးဝတုတ် ဆိုသူဖြစ်ပြီး သူ့ရဲ့ကား DD 9313 Probox အဖြူရောင်နဲ့ ချောင်းသာကမ်းခြေကို လေးရက်အိပ် အဌားလိုက်လာတုန်း အပြန်ခရီးတွင် အသတ်ခံခဲ့ရတာဖြစ်ကာ ကားကတော့ ပျောက်ဆုံးနေတယ်လို့ သေဆုံးသူရဲ့ညီဝမ်းကွဲ ဖြစ်သူကပြောပါတယ်။
အလောင်းစွန့်ပစ်တဲ့ မနက် ၄ နာရီ ၂၇ မိနစ်က အဲ့ဒီကား ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်သန်းသွားတဲ့ CCTV ရရှိထားပြီး တရားခံတွေ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေတယ်လို့ ကျောင်းကုန်းမြို့မ ရဲစခန်းကနေ သိရပါတယ်
အလောင်းမှာ အုပ်ထားတဲ့ပုဆိုးတထည်နဲ့ အမည်းရောင်ကားနောက်ကူရှင်အစွပ်တစ်ခု သာသဲလွန်စတွေ့ရပြီ ဘယ်သူတွေဌားလာသလဲဆိုတာ စုံစမ်းနေပြီး ကားကိုတွေ့ရှိရင် ကျောင်းကုန်းရဲစခန်း နယ်ထိန်းဖုန်း 095413967 ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - Yin Htoo Maw(facebook)
No comments:
Post a Comment