ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ထဲက ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက ဒဏ်ရာတွေနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားအလောင်းတစ်လောင်းကို တွေရှိခဲ့ပါတယ်။
မိုင်တိုင် ၆၆နဲ့ ၆၆ မိုင် ၁ ဖာလုံကြား လမ်းဘေးချောက်ထဲမှာ လည်ပင်းဝဲဘက် ၁ လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက်၊လည်ပင်းယာဘက် ၅လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်နဲ့ အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းနဲ့အတူ ပုဆိုးတစ်ထည် ကားကူရှင်အစွပ်တစ်ခု သဲလွန်စ တွေ့ရပြီး အသတ်ခံရသူ ဘယ်သူလဲဆိုတာ ဆက်လက်စုံစမ်းနေတယ် လို့ ကျောင်းကုန်းမြို့မရဲစခန်းက သိရပါတယ်။
အမည်မသိအမျိုးသားအလောင်းတွေ့ရှိတာနဲ့ပတ်သက်လို့ ကျောင်းကုန်းမြို့မရဲစခန်း မှာဒုရဲအုပ်မြင့်အောင် ကတရားလိုပြုလုပ်ပြီး ကျောင်းကုန်းမြို့မရဲစခန်း (ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - Yin Htoo Maw(Facebook)
No comments:
Post a Comment