ဆင်မုဆိုးဖမ်းဆီးရာမှာပူးပေါင်းပါဝင်တဲ့ ဌာနဆိုင်ရာအသီးက ဝန်ထမ်းတွေရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ ကို မတ်လ ၁၄ ရက်နေ့က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပြီး ဆင်မုဆိုးနဲ့ပတ်သက်လို့ တိကျစွာသတင်းပေးခဲ့တဲ့ဒေသခံကိုလည်း သီးခြားလျို့ဝှက်အစီစဉ်နဲ့ငွေကျပ်သိန်း၃၀ ချီးမြှင့်ခဲ့တယ်လို့ ဧရာဝတီဆင်ချစ်သူများအဖွဲ့ကထုတ်ပြန်ပါတယ်။
မတ်လ ၉ရက်နေ့က ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု၊မြစ်တစ်ရာကြိုးဝိုင်းအနီးမှာဒေသခံတွေရဲ့အကူအညီနဲ့ ဆင်ပစ်မုဆိုးနှစ်ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။အနာဂါတ်မှာ တောဆင်ရိုင်းတွေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေ ဝန်ထမ်းတွေ ပိုပြီးပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးကျင်းပဖြစ်တာလို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးမိတ်ဆွေးများ အသင်း FOW ကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာတော့ တောဆင်ရိုင်းတွေ အသတ်ခံရတာဟာ ၂၀၁၇ ခုနှစ် တစ်နှစ်ထဲမှာတင် တောဆင်ရိုင်းတွေ ၁၅ ကောင်အထိသတ်ဖြတ်ခံခဲ့ရပြီး မကြာသေးခင်ကလည်း တောဆင်ရိုင်းတစ်ကောင်ထပ်မံသတ်ဖြတ်ခံခဲ့ရပါတယ်။FOW ကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အဖိုးတန်ရတနာဖြစ်တဲ့မြန်မာ့တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ဒေသခံပြည်သူတွေအခုထက်ပိုပြီးပူးပေါင်းပါဝင် လာကြဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။
ဓာတ်ပုံ - ဧရာဝတီဆင်ချစ်သူများ အဖွဲ့
No comments:
Post a Comment