ပုသိမ်မြို့ က ထူးအိမ်သင် ချစ်ခင်မြတ်နိုးသူတွေစုပေါင်းကျင်းပတဲ့ တွေ့ဆုံပွဲကြီးကို ဧပြီလ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပုသိမ်မြို့ royal lake ဥယျာဉ် မှာ ကျင်းပပြုလုပ်သွားမယ်လို့ ထူးအိမ်ချစ်သူများထ့ကသိရပါတယ်။
ကိုငှက် လို့ အများကချစ်စနိုးခေါ်ကြတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ထူးအိမ်သင်ဟာ ပုသိမ်ဒေသကောလိပ်မှာ တက်ရောက်ခဲ့သူပါ။ ပုသိမ်မြို့မှာ သူရဲ့သူငယ်ချင်းများစွာနဲ့ သူကိုချစ်ခင်တဲ့ပရိတ်သတ်တွေဟာ သူရဲ့အမှတ်တရပွဲတွေကိုကျင်းပလေ့ရှိပါတယ်။
ဒီပွဲဟာ သာမန်ထူးအိမ်သင်ပရိသတ်တွေကပြုလုပ်တဲ့ ပရိသတ်ပွဲဖြစ်တာကြောင့် ဒီပွဲမှာ ဝါသနာရှင်ဂစ်တာပလေယာတွေရဲ့ ဂစ်တာတီးခတ်မှုနဲ့အတူ လာသမျှ ပရိသတ်တွေက ဝိုင်းဖွဲ့စုပေါင်းသီဆိုကြတာမျိုးလေးတွေလုပ်သွားမယ်လို့သိရပါတယ်။
အမှတ်တရ အနေနဲ့ ပုသိမ်မြို့က ပန်းချီဆရာ ပန်းချီဇော်မင်းထွဋ် ရေးဆွဲထားထဲ့ ကိုငှက်ရဲ့  ကယ်ရီရေးချား ပန်းချီပုံကို အမှတ်တရ ပွဲ လာတဲ့သူတွေထဲ ကတစ်ဦးကို မဲဖောက်ပီး အမှတ်တရ လက်ဆောင်ပေးအပ်မှာဖြစ်သလိုတတ်ရောက်လာသူတွေကို လဲ နေ့လည်စာ အချို ရည် တွေနဲ့တည်ခင်းဧည့်ခံ ကျွေးမွေးသွားမယ်လို့ဆိုပါတယ်။
ထူးအိမ်သင် ချစ်သူတွေ အနေနဲ့ ထူးအိမ်သင်ကို လွမ်းဆွတ်သတိရမှုကို အခြေခံပြီးလုပ်တာဖြစ်တာကြောင့် မည်သူမဆိုလာရောက်နိုင်လို့သိရပါတယ်။
.
No comments:
Post a Comment