ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး (၉/၂၀၁၈) ဆုံးဖြတ်ချက်အရ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို ဧပြီလ ၁၉ ရက်နေ့က ညွှန်ကြားရေးမှူးရာထူးကနေ ဒုတိယညွန်ကြားရေးမှူးရာထူးသို့ ရာထူးတစ်ဆင့်ချပြီး ဖျာပုံမြို့မှာတာဝန်ပြောင်းရွှေ့ချထားလိုက်တယ်လို့ တိုင်းဒေသကြီးအစည်းအဝေးဆုံးဖြတ်ချက်အရသိရပါတယ်။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တာကြောင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူတာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မီဒီယာတွေကိုဖြေကြားထား ပါတယ်။လစ်လပ်နေတဲ့နေရာတဲ့ ညွှန်မှူးနေရာကိုတော့ တိုင်းစည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးနိုင်လင်းမောင်ကို ခေတ္တ တာဝန်ပေးထားပါတယ်။
စည်ပင်သာရေးညွန်ကြားရေးမှူးရာထူးဟာ အမြင့်ဆုံးရာထူးတွေဖြစ်ပြီး အရေးယူခံရတဲ့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူးကို ဝန်ကြီးချုပ်ဟောင်းဦးသိန်းအောင် လက်ထက်က ညွန်ကြားရေးမှူးအနေနဲ့ခန့်အပ်ခဲ့တာဖြစ်ပြီး တပ်မတော်ကနေပြောင်းရွှေ့တာဝန်ထမ်းလာသူလည်းဖြစ်ပါတယ်။
သူ့ကို အရင်တိုင်းအစိုးရအဖွဲ့ဟောင်းလက်ထက်က စီမံခန့်ခွဲရေးကိစ္စတစ်ခုနဲ့ပတ်သက်လို့ ခုံဖွဲ့စစ်ဆေးခဲ့သလို NLD အစိုးရတက်ခါစကလည်း ငွေကြေးစီမံခန့်ခွဲရေးကိစ္စတစ်ခုနဲ့ပတ်သက်လို့စစ်ဆေးခဲ့တာတွေလည်းရှိပါတယ်။ဧရာဝတီတိုင်းအနေနဲ့ကတော့ အခုအရေးယူမှုဟာ NLD အစိုးရလက်ထက် တိုင်းအဆင့်အဆင့်မြင့်အရာရှိတစ်ဦးကို ပထမဆုံးအရေးယူတာပဲ ဖြစ်ပါတ်။
ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ Facebook
No comments:
Post a Comment